Country contact shim
Speeches Shim
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရကို ရာထူးမှဖယ်ရှားလိုက်သည့် မြန်မာစစ်တပ်၏ လုပ်ရပ်များသည် စစ်တပ်အာဏာသိမ်းမှုတစ်ခု ဖြစ်တယ်လို့ အကဲဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူများအားလုံးအတွက် အားလုံးပါဝင်ပြီး သာယာဝပြောတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ရန် လုပ်ဆောင်နေကြသည့် မြန်မာနိုင်ငံရှိ ပြည်သူများကို ထောက်ပံ့ရန်၊ ဒီမိုကရေစီတန်ဖိုးများကို အားဖြည့်ရန်အတွက် USAID သည် မြန်မာ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ အခြားအလှူရှင်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
USAID သည် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်၍ ပဋိပက္ခများကို လျော့နည်းစေပြီး ဒီမိုကရေစီလုပ်ငန်းစဥ်ကိုများ ကူညီပံ့ပိုးပေးနေပါသည်။ USAID သည် အခွင့်အလမ်းနည်းပါးသော၊ အခွင့်အရေးမရသော လူမျိုးအသိုင်းအဝိုင်းများအတွက် အသက်ကယ်ဆယ်ရေး ဝန်ဆောင်မှုများအား လက်လှမ်းမှီရရှိစေရန် တိုးမြှင့်လုပ်ဆောင်လျှက်ရှိပါသည်။ USAID သည် ကိုဗစ်-၁၉၊ HIV/AIDS၊ ငှက်ဖျားရောဂါနှင့် တီဘီရောဂါလိုမျိုး နိုင်ငံဖြတ်ကျော်လာသည့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်ခြိမ်းခြောက်မှုများကို လျှော့ချနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
LEARN MORE
FACT SHEETS
Contact Information
Last updated: February 18, 2021
Comment
Make a general inquiry or suggest an improvement.