ဘာသာစကား

ခြုံငုံဖော်ပြချက်

အမေရိကန်ပြည်ထောင်စု၏ ကူညီထောက်ပံ့မှုများသည် ကူးစက်ရောဂါများပျံ့ပွားမှုကို လျော့ကျစေပြီး နိုင်ငံအတွင်း ဝန်ဆောင်မှုလုံလုံလောက်လောက်မရရှိသော၊ ပဋိက္ခဒဏ်ခံကြရသည့် နေရာများတွင် အသက်ကယ်ဆယ်ရေးကျန်းမာရေးဝန်ဆောင်မှုလက်လှမ်းမှီရရှိစေမှုများကို တိုးတက်လာစေပါသည်။

ပဋိက္ခဒဏ်ခံကြရသည့် နေရာဒေသများနှင့် မြို့ပြဒေသအစွန်အဖျားတွင် ရွေ့ပြောင်းနေထိုင်ကြသည့် ရပ်ကွက်များရှိ သန်းချီရှိသည့် မြန်မာပြည်သူများသည် အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရရှိကြပါ။ မြန်မာ့လူဦးရေး၏ (၄) ပုံ (၁) ပုံသည် ဆင်းရဲမွဲတေမှုနဲ့အတူ နေထိုင်နေကြရပါသည်။ သဘာဝ ဘေးအန္တရာယ်များ (သို့မဟုတ်) ဆက်လက်ဖြစ်ပွားနေသည့် ဆယ်စုနှစ်များစွာ ကြာမြှင့်ပြီဖြစ်သော ပဋိပက္ခများကြောင့် ပြည်သူတစ်သန်းနီးပါးသည် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များ လိုအပ်လျှက်ရှိသည်ဟု ခန့်မှန်းမိပါသည်။ တိုင်းပြည်ရှိ မိခင်နှင့်ကလေးသေနှုန်းသည် ဒေသတွင်းနိုင်ငံများအတွင်း အမြင့်ဆုံးဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းထုတ်ကုန်၏ ၄.၈ ရာခိုင်နှုန်းကိုသာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အသုံးပြုခဲ့ပြီး တိုင်းပြည်သည် ကမ္ဘာပေါ်တွင် အိတ်စိုက်ကျန်းမာရေးအသုံးစရိတ် အမြင့်ဆုံးတိုင်းပြည်များတွင် ပါဝင်လျှက်ရှိပါသည်။ အမေရိကန်အစိုးရ၏ ရင်းနှီးမြုပ်နှံမှုများသည် ထိခိုက်လွယ်အုပ်စုများ၊ ဝန်ဆောင်မှုနည်းပါးသည့် အုပ်စုများအတွက် ကျန်းမာရေးလက်လှမ်းမှီရရှိမှုနှင့်ပတ်သက်၍ ကာလကြာရှည်စွာ တန်းတူညီမျှမှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာသော မခိုင်မာသည့်ရင်းမြစ်များကို လျှော့ချရာတွင် ကူညီပေးခြင်း နှင့် ကိုဗစ်-၁၉၊ HIV/AIDS၊ ငှက်ဖျားရောဂါနဲ့ တီဘီရောဂါကဲ့သို့သော နိုင်ငံဖြတ်ကျော်ဝင်ရောက်လာသည့်ကျန်းမာရေးခြိမ်းချောက်မှုများအား ဖြေရှင်းပေးခြင်းတို့ကို အဓိကထား လုပ်ဆောင်လျှက်ရှိပါသည်။

ကူးစက်ရောဂါများပျံ့နှံ့မှုကိုလျော့ချခြင်း

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း သိသာထင်ရှားသည့် တိုးတက်မှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံသည် တီဘီရောဂါ၊ ဆေးယဥ်ပါးတီဘီရောဂါနှင့် တီဘီ/အိတ်အိုင်ဗွီ ကူးစက်ရောဂါ နှင့်ပတ်သက်၍ ကမ္ဘာ့အဆင့် အတားအဆီးအများဆုံး ထိပ်ပိုင်းနိုင်ငံ (၂၀) တွင် ပါဝင်နေဆဲဖြစ်ပါသည်။ အမေရိကန်သမ္မတ၏ ငှက်ဖျားတိုက်ဖျက်ရေးအစီအစဥ်၏ အထောက်အပံ့ကြောင့် ငှက်ဖျားရောဂါပျံ့နှံ့မှုသည် ၂၀၁၂ ခုနှစ်မှ စတင်၍ ၈၀% ကျော် ကျဆင်းလာခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် ငှက်ဖျားရောဂါအပြီးတိုင်တိုက်ဖျက်ရေးပန်းတိုင်ကို ရောက်ရှိလာနိုင်မည်ဖြစ်သည်။ ပြည်သူများကြား မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲမှု၊ အမျိုးသားချင်းလိင်ဆက်ဆံမှု၊ လိင်ပြောင်းလူမှုအသိုင်းအဝိုင်းနှင့် လိင်လုပ်သားများ များစွာပျံ့နှံ့ကျန်ရှိနေသေးသော်လည်း AIDS ကူးစက်ရောဂါအတွက် အမေရိကန်သမ္မတ၏ အရေးပေါ် စီမံကိန်းမှ အထောက်အပံ့နှင့် HIV/AIDS စစ်ဆေးမှုနှင့် ကုသမှုရရှိခြင်းကို ကျယ်ကျယ်ပြန့်ချဲ့ထွင်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဤစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် USAID သည် ထိရောက်သည့် နည်းလမ်းများကို  ရေးဆွဲ၊ အကောင်အထည်ဖော်၊ ချဲ့ထွင်လုပ်ဆောင်ရန်နဲ့ အခြားအရင်းအမြစ်များအသုံးပြုရန်အတွက် မတူညီသည့် အရပ်ဘက်လူမှုအသိုင်းအဝိုင်းများ၊ ပုဂ္ဂလိကမိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ဆောင်လျှက်ရှိပါသည်။ အမေရိကန်အစိုးရသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို ထောက်ပံ့ခဲ့သည့် အများဆုံးအလှူရှင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများအနေနှင့် ကိုဗစ်-၁၉ ကို လျှော့ချနိုင်ရန်အတွက် USAID သည် လက်တွေ့စောင့်ရှောက်ကုသမှု၊ ကာကွယ်ရေးသတင်းစကားပေးမှု၊ စောင့်ကြည့်မှုနှင့် စစ်ဆေးမှုများအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထိ အမေရိကန်ဒေါ်လာ (၈.၃) သန်း ကူညီထောက်ပံ့ခဲ့ပါသည်။ 

အသက်ကယ်ဆယ်ရေး ကျန်းမာရေးဝန်ဆောင်မှုများရရှိမှု တိုးမြှင့်လုပ်ဆောင်ခြင်း

ကျန်းမာရေးရန်ပုံငွေဘက်ပေါင်းစုံလက်လှမ်းမှီရရှိရေးအဖွဲ့သို့ USAID ၏ ထောက်ပံ့မှုများသည် ဝေးလံခေါင်သီပြီး ပဋိပက္ခဒဏ်ခံရသည့်နေရာများတွင် နေထိုင်နေကြသည့် ဘေးဖယ်ခံပြည်သူများအတွက် အသက်ကယ်ဆယ်ရေးကျန်းမာရေးဝန်ဆောင်မှုများ ပေးပို့နိုင်ခဲ့ပါသည်။ ကျန်းမာရေးဆိုင်ရာအကူအညီများ စီစဥ်ဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် သင်တန်းပေးခြင်းတို့နှင့် ပတ်သက်၍ ဤလုပ်ဆောင်ချက်များ လုပ်ဆောင်ရာတွင် ပဋိပက္ခခဏ်ခံကြရသည့်နေရာများရှိ တိုင်းရင်းသာလူနည်းစုများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိပါသည်။

၂၀၂၀ ခုနှစ်အတွင်း အဓိကရလဒ်များ

  • ပြည်သူ (၅) သန်းကျော်သည် ကိုဗစ်-၁၉ ကာကွယ်ရေးသတင်းစကားနှင့် အထောက်အပံ့ ပစ္စည်းများကို ရရှိခဲ့ကြသည်။

  • USAID အထောက်အပံ့ပေးနေသော ဒေသများရှိ HIV လူနာ (၈၇) ရာခိုင်နှုန်းသည် antiretroviral ကုသဆေးအထောက်အပံ့များကို လပေါင်းများစွာအတွက် ရရှိခဲ့ကြပါသည်။

  • ပြည်သူပေါင်း (၁၈၉,၆၂၀) ဦးသည် USAID က သင်တန်းပေးထားသည့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းထံမှ ငှက်ဖျားရောဂါကာကွယ်ရေး သတင်းအချက်အလက်များကို ရရှိခဲ့ကြပါသည်။

  • တာရှည်ခံဆေးရည်စိမ်ခြင်ထောင် (၃၁၉,၉၉၂) ထည်၊ ရောဂါအမြန်ရှာဖွေစစ်ဆေးရေး ကိရိယာ (၃၆၂,၆၇၅) ခုနှင့် ငှက်ဖျားရောဂါကုသမှုဆေး (၁၉,၃၆၁) လုံးတို့ကို ဝယ်ယူ ဖြန့်ဖြူးပေးခဲ့ပါသည်။

  • မွေးဖွားပြီး (၂) ရက်အတွင်း မွေးကင်းစကလေးငယ် (၃၂,၁၁၅) ဦးတို့ကို စောင့်ရှောက်မှုပေးခြင်း၊ ကလေးငယ် (၃၅,၁၅၁) ဦးတို့ကို အသက်တစ်နှစ်အတွင်း ဝက်သက်ကာကွယ်ဆေး ပထဆုံးအကြိမ် ဆေးထိုးပေးခြင်းတို့ကို ထောက်ပံ့ပေးခဲ့ပါသည်။

  • USAID ၏ သင်တန်းအထောက်အပံ့နှင့် ရောဂါရှာဖွေရေး ကွန်ယက်ကြောင့် ဆေးယဥ်ပါးတီဘီရောဂါခံစားနေကြရသည့် လူနာ (၉၆) ရာခိုင်နှုန်းသည် ကုသမှုများ ရရှိခဲ့ကြပါသည်။

USAID သည် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို တိုးမြှင့်လုပ်ဆောင်ရန်အတွက် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး အသက်ကယ်ဆယ်ရေးဝန်ဆောင်မှုများ တန်းတူရရှိမှုကို မြှင့်တင်ဆောင်ရွက်ရန် တစိုက်မတ်မတ် လုပ်ဆောင်လျှက်ရှိပါသည်။

Image
Two Burmese women measure the circumference of an infant's arm
A Village Health Committee volunteer in Burma measures the circumference of a baby's arm to assess nutritional status
Photo credit: Htoo Tay Zar/USAID Burma