ဘာသာစကား

မြန်မာပြည်

Flag of Burma

စစ်တပ်၏ အကြိမ်ကြိမ် အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကြားက အားလုံးပါဝင်နိုင်သော ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေကြသော မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကို အမေရိကန်ပြည်ထောင်စုသည် နှစ်ပေါင်း ၇၀ ကျော်ကြာ ပံ့ပိုးကူညီလာခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် အရပ်သား ဦးဆောင်သော အစိုးရတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီသို့သွားရာ လမ်းကြောင်းပေါ်သို့ ရောက်ရှိစေခဲ့သည်။ သို့ရာတွင် တရားဝင်ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့် ၎င်း၏နောက်ဆက်တွဲ လက်နက်ကိုင်ပဋိပက္ခများသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရုတ်ခြည်းဆိုသလို နောက်ပြန်လှည့်သွားစေခဲ့သည်။ USAID သည် အရပ်သားအစိုးရ အားကောင်းစေရန်၊ ဒေသခံလူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အားကောင်းစေရန်၊ ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်နှင့် အားလုံးပါဝင်နိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်၊ ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ကြံ့ခံနိုင်သော လူမှုအသိုင်းအဝိုင်းများ ဖြစ်ထွန်းလာစေရန်နှင့် လူ့အသက်ကယ်တင်နိုင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ ပြည်တွင်းမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကွန်ရက်များမှတဆင့် ဆက်လက်ဆောင်ရွက်ပေးနေပါသည်။

 

နိုင်ငံခြုံငုံသုံးသပ်ချက်

နောက်ဆုံးအပ်ဒိတ်များ

သတင်းထုတ်ပြန်ချက်များ

ဗီဒီယို

သတင်းများ

အဆက်အသွယ်များ

လူမှုမီဒီယာ

Stay Connected

မြန်မာနိုင်ငံရှိ USAID ကို လိုက်နာပါ။